စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာ အတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ်

၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၇ ရက်နေ့တွင် လက်ပံလှကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားများနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၄၅) ယောက်က ဝင်ရောက်မီးရှို့ ဖျက်စီးခဲ့ကြောင်း သက်သေအထောက်အထားများအရ သိရှိရပါတယ်။
 
အဆိုပါ ပြစ်မှုကျုးလွန်တဲ့ စစ်သားများဟာ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ရွှေဘိုမြို့နယ်အခြေစိုက် အမှတ် ၄၂ ခြေမြန်တပ်ရင်းမှ တပ်သားများဖြစ်ကြောင်းအတည်ပြုသိရှိရပါတယ်။
 
အကြမ်းဖက်ခံရမှုဖြစ်စဉ်အတွင်း အသက် (၈၈)နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် ပြည်သူ (၃)ဦး သတ်ဖြတ်ခံထိခဲ့ပြီး ပြည်သူပိုင် နေအိမ် (၁၅)လုံး မီးရှို့ ဖျက်စီးခံခဲ့ရပါတယ်။

ဆက်စပ်အကြောင်းအရာများ