အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခန်းကဏ္ဍ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ပြည်သူများအားလုံး တန်းတူညီမျှစွာဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနူန်းများနှင့်အညီ အခြေခံအခွင့်အရေးများကို ရရှိခံစားနိုင်စေရန်အတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အထူးလေးစားတန်ဖိုးထားပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရသောသူများ၏ အသံများကို နားထောင်ပြီး ထိုသူများအတွက် ကုစားပေးမှုများရရှိနိုင်စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၊  လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၊ အချက်အလက်စုဆောင်းသူများ၊ စည်းရုံးလှုံ့ဆော်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံး စဥ်ဆက်မပြတ်လုပ်ဆောင်သွားပါမည်။ အကြံဥာဏ်များ ရယူခြင်းသာမက လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူများနှင့် လက်တွဲလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဖော်ဆောင်သွားမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် ဖယ်ကျဥ်ချိုးနှိမ်ခံရပြီး ခုခံနိုင်မှုအားနည်းသော လူနည်းစုများအရေးကို ပိုမို အလေးထားလုပ်ဆောင်သွားပါမည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။