ဒုတိယဝန်ကြီး
ဦးအောင်ကျော်မိုး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
ဦးအောင်ကျော်မိုး သည် လူ့အခွင့်အရေး၊ လူသားချင်းစာမှု၊ ရိုဟင်ဂျာအရေး ဆောင်ရွက်သူတဦးဖြစ်ပြီး
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖြစ် ၂၀၂၁ခုနှစ်မှစ၍ ၂ နှစ်နီးပါး တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
ဦးအောင်ကျော်မိုးသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးတို့ကို အဓိကထား ဖော်ဆောင်သူတစ်ဦးဖြစ်ပြီး၊ မတူကွဲပြားခြားနားသည့် လူမှုပတ်ဝန်းကျင်နှင့် မတူကွဲပြားသည့် လူမျိုးအုပ်စုတွေကြား သဟဇာတဖြစ်မှု ရေရှည်တည်တံ့ခိုင်မြဲရေးကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် မြေကွင်းဆင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရင့် လူထုအခြေပြုလှုပ်ရှားသူတစ်ဦး ဖြစ်သည်။ လူနည်းစုဘာသာဝင်များ၊ လူနည်းစုမျိုးနွယ်အုပ်စုများ၏ နိုင်ငံရေးအရ ပါဝင်ခွင့်နှင့် လူ့အခွင့်အရေးအရ အကာအကွယ်ရရှိရေးတို့အတွက် စွမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်သည်။
ဦးအောင်ကျော်မိုးသည် ရခိုင်ပြည်နယ်အတွင်း မတူကွဲပြားသည့် လူမျိုး၊ ဘာသာဝင်တွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လူမှုသဟဇာတမှုလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ဦးအောင်ကျော်မိုးသည် မြန်မာအရပ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာလူငယ်များကို ခေါင်းဆောင်မှုသင်တန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ပေးခဲ့သည့် သင်တန်းနည်းပြတစ်ဦးလည်း ဖြစ်သည်။
ဦးအောင်ကျော်မိုးသည် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၊ ထိုင်း၊အာဖဂန်နစ္စတန်နှင့် လိုက်ဘေးရှားနိုင်ငံတို့တွင် ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် ၁၅ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါသည်။
ဦးအောင်ကျော်မိုး၏ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများကြောင့် ပြင်သစ်အစိုး၏ လူ့အခွင့်အရေးဆု (CNCDH2019) အတွက် ဂုဏ်ပြုဖော်ပြခံခဲ့ရပြီး ဥရောပသမဂ္ဂ ၏ Schuman Award by the European Union in Myanmar (2019) ဆုအပါဝင် နိုင်ငံတကာ ၄ ခုလည်း ချီးမြှင့်ခံခဲ့ရပါသည်။
ဦးအောင်ကျော်မိုးသည် Australia နိုင်ငံ Deakin University မှ လူသားချင်းစာမှုအထူးပြုဘာသာရပ်ဖြင့် မဟာဘွဲ့ ( Master in Humanitarian Assistance ) ၊ Graduate Certificate in Humanitarian Leadership ဘွဲ့လွန်သင်တန်းပြီးမြောက်ထားပါသည်။
ဦးအောင်ကျော်မိုးသည် အမေရိကန်သမ္မတဟောင်း ဂျောဂျ့်ဘုရ်ု့သမ္မတစင်တာ၊ လွတ်လပ်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ Fellowship၊ သမ္မတအိုဘာမားရဲ့ Leaders Asia-Pacific Leaders Fellowship နှင့် အမေရိကန် ငြိမ်းချမ်းရေးအင်စတီးကျူး ဘုန်းတော်ကြီး ဒလိုင်းလားမား Fellowship ကျောင်းဆင်းတဦးဖြစ်ပါသည်။
