ဆောင်ပုဒ်

တန်းတူညီမျှရေး

ငြိမ်းချမ်းရေး

တရားမျှတရေး

အနာဂတ်မျှော်မှန်းချက် - Vision

ဖယ်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူများအားလုံး မည်သည့်အကြောင်းကြောင်းနှင့်မှ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှစွာဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနူန်းများနှင့်အညီ အခြေခံအခွင့်အရေးများကို ရရှိခံစားနိုင်စေရန်

ခံယူသည့် လုပ်ငန်းတာဝန် - Mission

 ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံး အခြေခံလူ့အခွင့်အရေးများ ခံစားခွင့်ရရှိရေးအတွက် လူ့အခွင့်အရေးစံနှုန်းများကို လေးစားရန်၊ ကာကွယ်စောင့်ရှောက်ပေးရန်၊ မြှင့်တင်ပေးရန်ဆိုသည့် အစိုးရတာဝန်များကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် လက်တွဲပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင် ဖော်ထုတ်ခြင်း၊ ချိုးဖောက်သူများကို အရေးယူနိုင်ရန်ကြိုးပမ်းခြင်း၊ အသိပညာပေးခြင်းစသည့်လုပ်ငန်းများအား နိုင်ငံတကာစံချိန်စံညွန်းများနှင့်အညီ ထမ်းဆောင်သွားရန်၊

လုပ်ငန်းစဥ်များ

လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်သည့်ယန္တယားတခုကို ထူထောင်ပြီး ချိုးဖောက်မှုများကို စနစ်တကျမှတ်တမ်းတင်ခြင်းနှင့် သုတေသနပြုလုပ်ခြင်း
ပြစ်ဒဏ်မှ ကင်းလွတ်နေမှု (culture of Impunity) ကို ရပ်တန့်နိုင်စေရန်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းစဥ်များတွင် လုပ်ဆောင်ခြင်း
လူ့အခွင့်အရေးအသိအမြင်များ ထွန်းကားလာအောင် လူ့ နိုင်ငံတော်အဆင့် အခွင့်အရေးပညာပေးမှုဆိုင်ရာ စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်လုပ်ဆောင်ခြင်း

အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခန်းကဏ္ဍ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ပြည်သူများအားလုံး တန်းတူညီမျှစွာဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနူန်းများနှင့်အညီ အခြေခံအခွင့်အရေးများကို ရရှိခံစားနိုင်စေရန်အတွက် ကြိုးပမ်းလုပ်ဆောင်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အထူးလေးစားတန်ဖိုးထားပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရသောသူများ၏ အသံများကို နားထောင်ပြီး ထိုသူများအတွက် ကုစားပေးမှုများရရှိနိုင်စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
ထို့ပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများ၊  လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၊ အချက်အလက်စုဆောင်းသူများ၊ စည်းရုံးလှုံ့ဆော်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံး စဥ်ဆက်မပြတ်လုပ်ဆောင်သွားပါမည်။ အကြံဥာဏ်များ ရယူခြင်းသာမက လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူများနှင့် လက်တွဲလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဖော်ဆောင်သွားမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် ဖယ်ကျဥ်ချိုးနှိမ်ခံရပြီး ခုခံနိုင်မှုအားနည်းသော လူနည်းစုများအရေးကို ပိုမို အလေးထားလုပ်ဆောင်သွားပါမည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။