ဖယ်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအားလုံး အခြေခံလူ့အခွင့်အရေးများ ခံစားခွင့်ရရှိရေးအတွက် လူ့အခွင့်အရေးစံနှုန်းများကို လေးစားရန်၊ ကာကွယ်စောင့်ရှောက်ပေးရန်၊ မြှင့်တင်ပေးရန်ဆိုသည့် အစိုးရတာဝန်များကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် လက်တွဲပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင် ဖော်ထုတ်ခြင်း၊ ချိုးဖောက်သူများကို အရေးယူနိုင်ရန်ကြိုးပမ်းခြင်း၊ အသိပညာပေးခြင်းစသည့်လုပ်ငန်းများအား နိုင်ငံတကာစံချိန်စံညွန်းများနှင့်အညီ ထမ်းဆောင်သွားရန်၊