Military Junta Launched An Airstrike against the Oil Lamp Strike in Bon To Village, Chaung – U Township, Sagaing Division

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။ 

 

၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင် ကျောင်းကို ကလေးများ အတန်းတင် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင် နေချိန်တွင် အကြမ်းဖက် စစ်အုပ်စု၏ မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော Jet Fighter () စီးက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ 

ထိုသို့ စာသင်ကျောင်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် Volunteer ဆရာမများ နှင့် Grade-2 မှ Grade-11 အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အပါအဝင် ပြည်သူ ၂၂ ဦး သေဆုံး ခဲ့ပြီး ပြည်သူ အယောက် ၄၀ ကျော်(ဆက်လက်စုံစမ်းဆဲ) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ဖော်ပြချက်များသည် ၁၂..၂၀၂၅ ရက်နေ့ ည (၂၃:၃၀) နာရီ အထိ မြေပြင်မှ နောက်ဆုံးရရှိထားသည့် အချက်အလက်များဖြစ်ပြီး ထပ်တိုးများ၊ ထပ်မံတွေ့ရှိချက်များ ရှိနိုင်သည်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။