၂၀၂၅ ခုနှစ်၊ မေလအတွင်း စုဆောင်းရရှိခဲ့သည့်
အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြမ်းဖက်စစ်အုပ်စုရဲ့၂၀၂၅ ခုနှစ်၊ မေလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း ၆၀၆ မှု ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။
မေလအတွင်းမှာ စစ်ကိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၈ မှုထိ ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ မန္တလေးဟာ ၇၁ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။
အခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်တွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ ကြောင့်သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို အောက်ပါ Infographic မှာ လေ့လာနိုင်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
ဆက်စပ်အကြောင်းအရာများ



