တရားမဝင်အာဏာတည်မြဲရေးသက်တမ်းတိုးပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုများပိုမိုပြင်းထန်လာ
စစ်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတဝန်းအကြမ်းဖက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် အရေးပေါ်အခြေအနေသက်တမ်းထပ်တိုးပြီးတိုင်း လေကြောင်းတိုက်ခိုက်မှုတွေပိုပြီး ပြင်းထန်စွာပြုလုပ်ခဲ့ပါတယ်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလကနေ သြဂုတ်လအထိ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်ကြည့်ရင် အရေးပေါ်အခြေအနေသက်တမ်း ခုနှစ်ကြိမ်မြောက်သက်တမ်း ထပ်တိုးလိုက်တဲ့ ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၃၆ ကြိမ်အထိ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ဒါဟာ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုသက်သေအချက်အလက်တွေပဲဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆက်လက်ပြီး မြင့်တက်လာခဲ့ရာ အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ကာလဖြစ်တဲ့ ဧပြီလမှာ ၅၀၈ ကြိမ်အထိ စံချိန်တင်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုအများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဲဒီနောက် သြဂုတ်လမှာတော့ လေကြောင်းတိုက်ခိုက်မှုဟာ ၄၉၃ ကြိမ်အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဒီကာလဟာ တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင် (SSPC)ကိုပြောင်းလဲဖွဲ့စည်းပြီး စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် ကြိုးစားပြင်ဆင်နေတဲ့ ကာလအပိုင်းအခြားပဲ ဖြစ်ပါတယ်။
အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အရှိန်ပြင်းထန်လာတဲ့ ကာလအပိုင်းအခြားနဲ့ ထိခိုက်သေဆုံးမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စနစ်တကျမှတ်တမ်းတင်ထားတဲ့ ဖော်ပြပါ အချက်အလက်တွေမှာ အပြည့်အစုံ ကြည့်ရှုနိုင်ပါတယ်။
ဆက်စပ်အကြောင်းအရာများ



