ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တွင်း စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များ စစ်ရာဇဝတ်မှု ကျူးလွန်မှု

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လ၊၁၄ ရက်မှ ဩဂုတ်လ၊ ၉ရက်အထိ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။အဆိုပါ တိုက်ပွဲဖြစ်ပွါးမှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊မီးရှို့ခြင်းများကြောင့် ပြည်သူ (၁၂) ဦး သေဆုံးခဲ့ပြီး အိမ်ခြေ (၆၇၀)ကျော် မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။
အဆိုပါ ပြစ်မှုကို ကျူးလွန်သူများမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရင်း (၆၆)နဲ့ တပ်ရင်း (၉၉)က တပ်သားများအပြင် ရှမ်းနီတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းလည်း သိရှိရပါတယ်။
ဖြစ်စဉ် အသေးစိတ်ကို အောက်ပါလင့်တွင် ဒေါင်းလုတ် ရယူနိုင်ပါ့သည်။

ဆက်စပ်အကြောင်းအရာများ