အကြမ်းဖက်စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တပ်က စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် ၊ လက်ပန်ကျင်းကျေးရွာအား လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်

၂၀၂၂ခုနှစ်၊ဩဂုတ်လ (၁)ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသား (၆)ဦး သေဆုံးပြီး သာသနိက အဆောက်အအုံ ဖြစ်တဲ့ ကျေးရွာ ဓမ္မာရုံနှင့် ပြည်သူ့ ကျန်းမာရေးဆေးခန်း၊ စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
 
ကျေးရွာအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက် ဖျက်စီးမှုများပြုလုပ်ပြီး တပ်ပြန်လည်ဆုတ်ခွါတဲ့အခါမှာလည်း ရွာသား (၁၄)ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဝတ်စုံများ အတင်းအဓမ္မ ဝတ်ဆင်စေပြီး ၎င်းတို့ အထုပ်များသယ်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
 
နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များ ကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါတယ်။
 
အဆိုပါဖြစ်စဉ်အသေးစိတ်ကို အောက်ပါလင့်တွင့် အင်္ဂလိမ် မြန်မာ နှစ်ဘာသာဖြင့် ရယူနိုင်ပါ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။