စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာအတွင်း ဖျက်စီး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်

အသေးစိတ်ကို အအောက်ပါလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။ 

ပလိုင်းရွာတွင် တပ်စွဲထားတဲ့ ခြေမြန်တပ်ရင်း (၄၈) -ခမရ(၄၈)က စစ်ကောင်စီတပ်သားများကြောင့် အရပ်သားပြည်သူ ၂၉ ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပြီး ထို သတ်ဖြတ်ခံရသူများအထဲတွင် အသက် (၁၈)နှစ်အောက် လူငယ် (၄)ဦး ပါဝင်ခဲ့ပါတယ်။
 
ထိုသို့သတ်ဖြတ်ရာတွင် စစ်ကောင်စီတပ်သားများက လူငယ်များ၏ လက်ကောက်ဝတ်များကို ဓားနဲ့ လှီးဖြတ်ပြီးမှ မြေကျင်းထဲသို့ အရှင်လတ်လတ် မြှုပ်နှံသတ်ဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
 
လူသားမျိုးနွယ်စုအပေါ် ရည်ရွယ်ချက်ရှိရှိ နဲ့ အဆိုးရွားဆုံး အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ကျူးလွန်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

“ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများ ခံစားနေကြရသည့် ပြည်သူများအတွက် အမှန်တရားနှင့် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဆောင်ရွက်မှုများ

Read More »

ခြေမြန်တပ်ရင်း (၃၆၁)၊ (၃၆၈)၊ (၃၆၉)တို့၏ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိသုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှု မျာ

Read More »