ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၁း၃၀) အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ဟိုကတ်ရပ်ကွက် ရှိ ကျားဖြူခန်းမ နေရာတို့အား အကြမ်းဖက်စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ (၂) ကြိမ် တိုင် ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် (၁၁) ဦး သေဆုံးပြီး၊ (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းများအပါအဝင် နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။