ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ လအိရွာအနီး ဘန်ကောက်ရွာရှိ ဘန်ကောက် စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ ၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ လအိရွာအနီး ဘန်ကောက်ရွာရှိ ဘန်ကောက် စစ်ရှောင်စခန်းအားအတောင်ငူဘက်မှလာသော အကြမ်းဖက်စစ်အုပ်စု၏ဂျက်တိုက်လေယာဥ် နှစ်စီးက ပေါင်၅၀၀ ဗုံး (၃) လုံးကြဲချတိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် အသက် (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေး ၆ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ရသည်။ စစ်ပွဲဖြစ်ပွါးခြင်းမရှိဘဲအကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်ပြည်သူအများအပြားလည်း ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
ဆက်စပ်အကြောင်းအရာများ



