မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊လက်ယက်မ ရွာအား အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊လက်ယက်မ ရွာအား အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့၊ နေ့လည် (၁) နာရီဝန်းကျင်တွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မရွာကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့်(၂) ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
 
ထိုတိုက်ခိုက်မှုကြောင့် အသက် (၆) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ (၆) ဦးသေဆုံးခဲ့ပြီး (၃) ဦးပြင်းထန်ဒဏ်ရာရရှိကာ စစ်ရှောင်ပြည်သူများယာယီနေထိုင်သည့် စာသင်ကျောင်းဆောင် (၂) ဆောင်နှင့် ကျောင်းအနီးရှိ လူနေအိမ် (၃) လုံးထိခိုက်ပျက်စီးခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။