ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျ ပြည်ထောင်စုလွှတ်တော်ရှိ မြန်မာ့ဒီမိုကရေစီမိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျ ပြည်ထောင်စုလွှတ်တော်ရှိ မြန်မာ့ဒီမိုကရေစီမိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် တွေ့ဆုံ

သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ညနေပိုင်းတွင် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်ရှိ မြန်မာ့ဒီမိုကရေစီမိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် လွှတ်တော် ကော်မတီခန်းမတွင် တွေ့ဆုံခဲ့ပါသည်။ ဤ မြန်မာ့ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးဖြင့် ဖွဲ့စည်းထားပြီး အထက်လွှတ်တော်၊ အောက် လွှတ်တော် ဥက္ကဌများအပါအဝင် သြစတြေးလျနိုင်ငံရေးတွင် ထင်ရှားသူ ဆီနိတ်တာများ၊ ပြည်သူ့ကိုယ်စားလှယ် အများအပြားပါဝင်ကြပြီး မြန်မာနိုင်ငံရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့်လည်း ထိတွေ့ဆက်ဆံမှုများ တည်ဆောက်ထားပြီးလည်း ဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် Mr. Peter Khalil MP (Federal Labor Member for Wills) က ပထမဦးစွာ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး Senator Dean Smith (Liberal Senator for WA) က ဤ အစည်းအဝေးတက်ရောက်လာကြသည့် မြန်မာ့ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နှင့် မိတ်ဆက်ပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ရှိ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အသိပေး တင်ပြကာ ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ Ms. Zoe Daniel MP (Federal Member for Goldstein) က ဤ ညှိနိုင်းဆွေးနွေးပွဲကို ဦးဆောင်ပေးခဲ့ပြီးနောက် Senator Jordon Steele-John (Greens Senator for WA) က အစည်းအဝေး၏ အပိတ်အမှာစကားကို ပြောကြားခဲ့ပါသည်။ ဤ တွေ့ဆုံပွဲသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဒီမိုကရက်တစ်မြန်မာ့အသံ၏ အမှုဆောင်ညွန်ကြားရေးမှုး ဦးအေးချမ်းနိုင်လည်း တက်ရောက်ခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။