ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျ ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းမြို့တွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်တို့သည် CRPH/NUG Support Group (Queensland) ၏ ဖိတ်ကြားချက်အရ မေလ ၁၃ ရက် နံနက်ပိုင်းတွင် ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းသို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပါသည်။ ဘရစ်ဘိန်းမြို့၊ PCYC Logan ခန်းမတွင် စီစဉ်ထားသည့် လူထုတွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ သြစတြေးလျခရီးစဉ် ကနဦး အစည်းအဝေးများ၏ အတွေ့အကြုံများကို ဝေငှပေးခဲ့သည့်အပြင် လူထုက သိလိုသည့် မေးမြန်းမှုများကိုလည်း ရင်းနှီးပွင့်လင်းစွာဖြေကြားပေးခဲ့ပါသည်။ `
ဆက်စပ်အကြောင်းအရာများ


