ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်း Professor Chris Sidoti နှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့ သည် ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲတည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်းနှင့် လက်ရှိ ကုလသမဂ္ဂကော်မရှင်တခု၏ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ Professor Chris Sidoti ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆက်စပ်အကြောင်းအရာများ


