ပြည်ထောင်စုဝန်ကြီးနှင့် ဥရောပပါလီမန်၏ လူ့အခွင့်အရေးကော်မတီ ဒုတိယ ဥက္ကဌ Mr.Bernard Guetta တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန်၏ လူ့အခွင့်အရေးကော်မတီ ဒုတိယ ဥက္ကဌ Mr.Bernard Guetta နှင့် ၂၆.၉.၂၀၂၃ ရက်နေ့တွင်တွေ့ဆုံ၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နိုင်ငံတကာရေး ကြိုးပမ်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် ဥရောပပါလီမန်က ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်များ ပိုမိုထိရောက်ရန်နှင့် အကြမ်းဖက်မြန်မာစစ်အုပ်စုကျုးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ပေါ်ထွန်းလာစရန်အတွက် အမြင်ချင်းဖလှယ်ဆွးနွေးခဲ့ကြသည်။
ဆက်စပ်အကြောင်းအရာများ


