ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr.Eamon Gilmore နှင့်ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr.Eamon Gilmore နှင့်ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ Mr.Eamon Gilmore နှင့် ၂၆.၉.၂၀၂၃ ရက်နေ့ တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုများတွင် မြန်မာ့နွေဦးတော်လှန်ရေးနှင့် စပ်လျဉ်းသည့် လူသားချင်းစာနာထောက်ထားမှု အကူညီများရရှိနိုင်ရေး အခြေအနေများ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးအပေါ် ရှုမြင်သုံးသပ်မှုများ အပြင် ကုလသမဂ္ဂနှင့် အာဆီယံ၏ မြန်မာ့နိုင်ငံရေးအပေါ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းဆွေးနွေးခဲ့ကြသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။