မြင်းမူမြို့နယ်ရှိ စာသင်ကျောင်းမှ ကလေးသူငယ်များအား ဓားစာခံ ဖမ်းဆီးထားမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်

မြင်းမူမြို့နယ်ရှိ စာသင်ကျောင်းမှ ကလေးသူငယ်များအား ဓားစာခံ ဖမ်းဆီးထားမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဩဂုတ်လ (၂) ရက်

၁။ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့၊ နံနက် (၁၁) နာရီ ခန့်တွင် စစ်ကိုင်းတိုင်း၊ မင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာကို လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်ထားသည့် စာသင်ကျောင်းတစ်ခုအား ဝိုင်းပတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကျောင်းအတွင်းမှ ဆရာ၊ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် (၆၀) ဦးခန့် အပါအဝင် ရွာသူ၊ ရွာသား (၁၀၀) ဦးခန့်မှာ ယခုအထိ ပိတ်မိနေဆဲဖြစ်ပါသည်။

 ၂။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် လွတ်လပ်စွာ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားခွင့်ကို နှောက်ယှက်ဖျက်စီးခြင်း ဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတို့အနေဖြင့် ပြင်းထန်စွာ ရှုတ်ချသည်။ ထို့ပြင် အပြစ်မဲ့ အရပ်သားများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက် လုပ်ဆောင်မှုများအား ထပ်မံ ကျူးလွန်မှုများ ဖြစ်ပွားလာနိုင်သည့်အတွက်  မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိပါသည်။ 

၃။ မြေပြင်သတင်းပေးပို့ချက်များအရ ကာကွယ်ရေးတပ်ဖွဲ့ဝင်မဟုတ်သည့် ဒေသခံပြည်သူ (၅) ဦး အနည်းဆုံး သတ်ဖြတ်ခံထားရသည်ဟု သိရှိရပါသည်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်နေခြင်းကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရှိရပါသည်။

 ၄။ အကြမ်းဖက်စစ်အုပ်စုသည် အလားတူ စာသင်ကျောင်းမှ ကလေးသူငယ်များကို ဓားစာခံဖမ်းဆီးသည့် ဖြစ်ရပ်တစ်ခုကိုလည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကျူးလွန်ခဲ့ဖူးပြီး ကလေးသူငယ် (၈၀) ဦးကို ဖမ်းဆီးခဲ့ဖူးသည်။ ထို့ပြင် ဖမ်းဆီးခံရသောအရပ်သားများကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း မေလ အတွင်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာတွင် အပြစ်မဲ့အရပ်သား (၂၉) ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသောဖြစ်စဥ်နှင့် အခြားဖြစ်ရပ်များက ဖော်ပြနေသည်။

၅။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပိတ်ဆို့ဝန်းရံထားခြင်းခံရသော စာသင်ကျောင်းတွင် ပိတ်မိနေသော ကလေးသူငယ်များနှင့် အရပ်သားပြည်သူများကို အထိအခိုက်လုံးဝမရှိစေပဲ အမြန်ဆုံး ပြန်လွှတ်ပေးရမည်ဖြစ်သည်။ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ် (၆၀) ခန့်နှင့် အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် တောင်းဆိုပေးကြရန် တိုက်တွန်းအပ်ပါသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများ အမြန်ဆုံးရပ်တန့်ရန်နှင့် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အရေးတကြီး ပံ့ပိုးဆောင်ရွက် ပေးကြပါရန် တိုက်တွန်း တောင်းဆိုအပ်ပါသည်။

၆။ အကြမ်းဖက်စ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု မိမိတို့ မှတ်ယူသည်။ ထို့မျှမက အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် မိမိတို့အနေဖြင့် နိုင်ငံတကာကို အလေးအနက်တောင်းဆိုသည်။ 

၇။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးဝန်ကြီးဌာနတို့သည် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ယခုကဲ့သို့သော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ပြီး တရားမျှတမှု ရှာဖွေရေး နည်းလမ်းအမျိုးမျိုးဖြင့် အပြစ်ပေး အရေးယူနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးဝန်ကြီးဌာန

Facebook
Twitter
LinkedIn

ဆက်စပ် အကြောင်းအရာများ

ထုတ်ပြန်ကြေညာချက်များ

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၄ /၂၀၂၅) ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက် (၂၀၂၅ ခုနှစ်၊ မေ လ ၁၃ ရက်)

Read More »
ထုတ်ပြန်ကြေညာချက်များ

“အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၃ /၂၀၂၅) ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (၂၀၂၅ ခုနှစ်၊ ဧပြီ လ ၂၈ ရက်)

Read More »
ထုတ်ပြန်ကြေညာချက်များ

ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၂ /၂၀၂၅) ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်) ယာယီအပစ်အခတ်ရပ်စဲကြောင်း

Read More »
ထုတ်ပြန်ကြေညာချက်များ

အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးရမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၁ /၂၀၂၅) ၁၃၈၆ ခုနှစ်၊ တပေါင်းလဆုတ် ၄ ရက် (၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်) အကြမ်းဖက်စစ်အုပ်စု၏

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။