၁၀၂၇ စစ်ဆင်ရေးကာလ အတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ

၁၀၂၇ စစ်ဆင်ရေးကာလ အတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ၃၆ ရက်ရှိ ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုကြား ထိတွေ့မှုများ ပြင်းထန် လျက်ရှိသည်။

စစ်ဆင်ရေး ၁၀၂၇ တလတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း အပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသများတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့သည်။

ထိုတိုက်ပွဲကာလအတွင်းတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အထိနာ ကျဆုံးမှုများစွာဖြင့် တပ်ရင်းအလိုက် လက်နက်ချ၊အလင်းဝင်မှုများလည်းဖြစ်ပေါ်လျက်ရှိပြီး အဖက်ဖက်က ယိုယွင်းပျက်စီးသည့် အနေအထားဖြစ်ပေါ်လျက်ရှိနေသည်။

ထိုအနေအထားတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများနှင့် ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်စီးမှုများကို ပိုမိုကျုးလွန်လာသည်ကို တွေ့ရှိရပြီး အဆိုပါ အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က မြေပြင်မှအချက်အလက်များ စနစ်တကျ ကောက်ယူစုဆောင်း၍ ပြည်သူသို့ ထုတ်ပြန် တင်ပြအပ်သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။