အကြမ်းဖက်စစ်အုပ်စုကလက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ်များ နှင့် စာသင်ကျောင်းဆောင် ထိခိုက် ပျက်စီးခဲ့သည့်ဖြစ်စဉ်
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု၊တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ် မှ အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ကပ်လျက် ကျေးရွာ အခြေပြုပြည်သူ့ ပညာရေး စာသင်ကျောင်းဆောင်၌ စာသင်ကြားနေသည့် ဆရာမ(၁)ဦး နှင့် ကလေးငယ်(၂၀)ဦး စုစုပေါင်း ၂၁ဦး လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



