အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ(၇)ဦးသေဆုံးကာ (၆)ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁၄)ဦးအားဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်စဉ်
ဇူလိုင်လ(၆) ရက်နေ့၊ သမရိုးကျေးရွာနှင့် ရွှေပန်းကုန်းကျေးရွာကြားသို့ ရောက်ရှိလာသော စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ သမရိုးရွာနှင့်အရာတော်မြို့နယ်၊ကူတို့ကိုင်းရွာမှ ဈေးသည်များနှင့်တိုးပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့နောက် သမရိုး ကျေးရွာအတွင်း လက်နက်ငယ် များဖြင့် တရပ်စပ် ပစ်ခတ်သဖြင့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး(၁) ဦးထပ်မံသေဆုံးခဲ့ရပြီး အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆)ဦး လက်နက်ငယ်ကျည်ထိမှန်ခဲ့ကာထိခိုက်ဒဏ်ရာရသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပါဝင်သည်။
ဆက်လက်ပြီး အကြမ်းဖက်စစ်သားများသည် ဒေသခံပြည်သူ(၁၄)ဦးတို့ကိုဓားစာခံအဖြစ်ဖမ်းဆီးသွားပြီးအရာတော် မြို့နယ်၊ ငွေတွင်းရွာအရောက်တွင်(၁၃)ဦးအား ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဦးအား ပြန်မလွှတ်သေးကြောင်းသိရှိရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



