အင်းမရွာနှင့် မိဿလင်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူ(၆၁) ဦးအားဖမ်းဆီးကာ(၁)ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်းရှိ အင်းမရွာနှင့်မိဿလင်ကုန်းကျေးရွာသို့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ရင်း ခမရ-၃၆၁တပ်ရင်း၊ ခမရ-၃၆၃ တပ်ရင်း နှင့်ပျူစောထီး အင်အားစုတို့ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများလုယူသည့်အပြင် ရွာသား (၆၁) ဦးအား ဖမ်းဆီး၍ ရွာသား(၁)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



