၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ
အကြမ်းဖက် စစ်အုပ်စုရဲ့ အောက်တိုဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၅၉၉) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။
အောက်တိုဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၉၃မှုထိ ရှိခဲ့ ပါတယ်။
ရခိုင်ပြည်နယ်သည် (၄၅) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိ ရပါတယ်။ တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
ဆက်စပ်အကြောင်းအရာများ



