ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၏ ၂၇၆၄ နှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်စကား
ဒီဇင်ဘာ – ၁
အားလုံးမင်္ဂလာနှစ်သစ်ပါလို့ ပထမဆုံးအနေနဲ့ နှုတ်ခွန်းဆက်လိုပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ဟာ sweet December ဖြစ်သလို ကျွန်တော်တို့ ကယန်းလူမျိုးတွေရဲ့ နှစ်သစ်ကူးရက်လည်းဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ ၂၇၆၄ နှစ်မြောက် ကယန်းနှစ်သစ်ကူးအချိန်အခါသမယမှာ ကယန်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးကင်းလုံခြုံခြင်းနဲ့အတူ စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ စစ်အာဏာရှင်စနစ် ခေတ်အဆက်ဆက် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ရသည့်တိုင်အောင် ဒီကနေ့အချိန်ထိ ကြံ့ကြံ့ခံရပ်တည်လျက်ရှိတဲ့ ကယန်းပြည်သူနဲ့ ကယန်းလူမျိုးအားလုံးကို ဒီနေရာကနေဆုတောင်းမေတ္တာဂါရဝပြုလိုပါတယ်။ ကျွန်တော်တို့ ကယန်းလူမျိုးတွေဟာ သမိုင်းအစဉ်အလာအရ မိမိဒေသကို ကျူးကျော်လာတဲ့ ပဒေသရာဇ်မင်းများကို ဆန့်ကျင်တိုက်ထုတ်ခြင်း၊ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တိုက်ထုတ်ခြင်း၊ ဖက်ဆစ်ဂျပန်တို့ကိုလည်း တိုက်ထုတ်ခြင်းနဲ့အတူ စစ်အာဏာရှင်အဆက်ဆက်တို့ရဲ့မတရားဖိနှိပ်မှုများကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ အစဉ်အလာကောင်းများရှိတဲ့ လူမျိုးတမျိုးလည်းဖြစ်ပါတယ်။ အခုလိုနွေဦးတော်လှန်ရေး၊ ပြည်သူ့တော်လှန်ရေးကာလမှာလည်း ဒီအစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေအတွက် စစ်ကျွန်ဘဝကလွတ်မြောက်အောင် ကယန်းလူမျိုးတွေက ကျရာနေရာကနေစစ်အာဏာရှင်ကို ပါဝင်တွန်းလှန်လျက်ရှိပါတယ်။ တော်လှန်ရေးကာလဖြစ်ပေမယ့် အခုလိုနှစ်သစ်ကူးအချိန်အခါကို မိမိတို့ရောက်ရှိတဲ့ နေရာဒေသအသီးသီးမှာ ဆင်နွှဲကြရင်းနဲ့ မိမိတို့ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေး၊ အမျိူးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နှစ်သစ်မှာ အင်သစ်အားသစ်နဲ့အတူ အခြားဖိနှိပ်ခံလူမျိုးများနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

Facebook
Twitter
LinkedIn
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ