လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နယူးယောက်မြို၌ ကုလသမဂ္ဂဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူနှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နယူးယောက်မြို၌ ကုလသမဂ္ဂဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သူနှင့်တွေ့ဆုံ

ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးသည် ကုလသမဂ္ဂဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီးနှင့် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် H.E Richard Arbeiter နှင့် နယူးယောက်မြို ကနေဒါသံရုံးတွင် တွေ့ဆုံပြီး မြန်မာပြည်၏ လူအခွင့်ရေးအခြေအနေ ၊ လူသားချင်းစာနာမှုအကူအညီလိုအပ်နေမှုအခြေအနေ ၊ ရိုဟင်ဂျာ များ၏ လက်ရှိအခြေအနေများကိုဆွေးနွေးခဲ့သည်။
ထိုအပြင် လွန်ခဲ့သည့် ရက်အနည်းငယ်က လိုင်ဇာရှိစစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် ပြည်သူများအပေါ် ၎င်းတိုဆက်လက် ကျုးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို အပြစ်ပေးအရေးယူရေးကိစ္စများနှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သံအမတ်ကြီးက နိုင်ငံတကာတရားစီရင်ရေးကိစ္စများအား ကနေဒါနိုင်ငံအနေနှင့် ကြိုးပမ်းဆောင်ရွက်မှုများ၊ အရပ်ဖက်အဖွဲအစည်းများကို ကူညီပေးနေမှုအခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ပြီး ကနေဒါနိုင်ငံအနေနှင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်အားပေးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။