ယင်းမာပင်မြို့နယ်၊ ထန်းတောကုန်းရွာနှင့်သဲကုန်းရွာတို့ရှိ ပြည်သူ(၅)ဦးနှင့် ရဲဘော် (၂)ဦးတို့ အားအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီခန့်တွင်၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဝင်လာသော အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခမရ (၇၀၃) တပ်ရင်း၊ အင်အား (၂၀၀) ဝန်းကျင်ရှိသောကျားဘီလူးစစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ အင်းကျေးရွာ အုပ်စု၊ ထန်းတောကုန်းရွာနှင့် သဲကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး အရပ်သားပြည်သူ(၅)ဦးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်(၁)ဦးအား ရက်ရက်စက်စက်သတ်ဖြတ်ကာ (၁)ဦး အား ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၎င်းတို့ သတ်ဖြတ်ခဲ့ကြောင်း စာရေးသားထားခဲ့သည့် သက်သေအားလည်းရရှိထားသည်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် သဲကုန်းရွာမှထွက်သွားပြီးနောက် (၁၆) ရက်နေ့ ညနေပိုင်းအထိ ယင်းမာပင်မြို့နယ်တွင်ရှိသည့် ရင်ပေါင်တိုင်ရွာနှင့် မြင်သာကုန်းရွာတို့တွင် ဆက်လက်ရှိနေသေးကြောင်းသိရှိရသည်။ ထို့အပြင် ဆင်တဲကျေးရွာမှ နေအိမ် (၂)လုံးအားမီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



