ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံတွင် ကမ္ဘာလွှမ်းခြုံတရားစီရင်မှု အနေဖြင့်အကြမ်းဖက်စစ်အုပ်စုအား စွဲဆိုနိုင်ရေးအတွက် ဥပဒေပညာရှင်များနှင့် တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၉.၅.၂၀၂၄ ရက်နေ့တွင် မြန်မာ့အရေးအပေါ် တက်ကြွစွာ စိတ်ပါဝင်စားမှုရှိသည့် Fabian/Union Aid အဖွဲ့နှင့် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်နေသည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်နေသည့် ကြားကာဒေသန္တရအုပ်ချုပ်ရေး အခြေအနေများ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်မြေစိုးမိုးမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်မှု အခြေအနေများ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် အစီအမံများ၊ မူဝါဒ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည့် မေးခွန်းများကို ပွင့်လင်းစွာဖြေကြားခဲ့သည်။

အခမ်းအနားတွင် Fabian/Union Aid မှ တာဝန်ရှိသူများ၊ မြန်မာ့အရေးစိတ်ဝင်စားပြီး နိုင်ငံတကာအရေးကို လုပ်ဆောင်နေသည့် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သံတမန်ဟောင်းများတက်ရောက်ခဲ့ကြသည်။
အဆိုပါ Fabian/Union Aid အဖွဲ့အစည်းသည် လူ့အခွင့်အရေး၊ နိုင်ငံတကာရေး၊နိုင်ငံခြားရေးရာများနှင့် ပတ်သက်သည့် မူဝါဒများအား အထူးပြု လေ့လာသည့် အဖွဲ့ဖြစ်ပြီး အခမ်းအနားအား Union Aid ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Ross Wilson ကအခမ်းအနားမှူးအဖြစ် လုပ်ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။
ဆက်စပ်အကြောင်းအရာများ