မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊အကြည်ပန်းပလွန်းကျေးရွာအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်
၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်နေ့ ၊ မနက် (၁၁) နာရီခန့်တွင် အကြည်ပန်းပလွန်းရွာအား အကြမ်းဖက်စစ်အုပ်စု၏တံတားဦးလေတပ်မှ ပျံသန်းလာသည့် ဂျက်ဖိုက်တာ (၁)စီးသည် ပေါင် (၂၅၀)ပြင်းအားရှိ ဗုံးသီး (၂) လုံး၊ မီးလောင်ဗုံးသီး (၂) လုံး၊ ပွိုင့် (၅)စက်သေနတ် များဖြင့် ပစ်မှတ်ထားပစ်ခတ်ခဲ့သည်။
ထိုသို့ ပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်း မီးလောင် ပြိုကျခဲ့ပြီး အစည်းအဝေးပြုလုပ်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ဝင်များနှင့် အရပ်သားများ (၁၅)ဦးသေဆုံးကာ (၂၇ )ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



