လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ Council of Trade Union မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ၏ Council of Trade Unions ၏ President Mr. Richard Wagstaff ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မေလ(၈) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အဓိက ဆွေးနွေးချက်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မလုပ်အားစေခိုင်းမှုများ၊ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်အပေါ် ပိတ်ပင်တားဆီး၍ အသင်းအဖွဲ့ဆိုင်ရာလွတ်လပ်ခွင့်ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ILO) ၏ အရေးယူဆောင်ရွက်မှုများ ယခုထက်ပိုမို ထိရောက်သည့် လုပ်ဆောင်ချက်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အလုပ်သမား သမဂ္ဂများအနေဖြင့် ပါဝင်လုပ်ဆောင်နိုင်မည့် နည်းလမ်းများ အား အပြန်အလှန် အကြံပြု ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်းမှာရှိသည့် အလုပ်သမားသမဂ္ဂများအား နည်းပညာ၊ အတတ်ပညာဆိုင်ရာ ကူညီပံ့ပိုးမှုများပေးအပ်နိုင်ရေးအတွက်လည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့သည်။
ဆက်စပ်အကြောင်းအရာများ


