ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၏ လက်ရှိအာဏာရပါတီ National Party နှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် မေလ (၈)ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သော National Party မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်နွေဦးတော်လှန်ရေးကာလအတွင်း ဆောင်ရွက်ချက်များ တင်ပြခဲ့ပြီး အာဏာရပါတီနှင့် လွှတ်တော်အတွင်းတွင် မြန်မာနိုင််ငံအရေးနှင့် စပ်လျဉ်း၍ သံတမန်ရေးရာတောင်းဆိုမှုများ၊ အကြမ်းဖက်စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ပေးပါရန် ကိစ္စရပ်များအား တောင်းဆိုခဲ့သည်။
ထို့ပြင် ဒီမိုကရေစီအင်အားစုများ နှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူညီများ၊ ဖွံ့ဖြိုးတိုးတက်ရေး အကူညီများ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရေးအတွက်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်စပ်အကြောင်းအရာများ


