အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့်တွေ့ဆုံ
မေလ (၇) ရက် ၂၀၂၄
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ Ms. Deborah (Deputy Secretary of Multilateral and Legal Affairs) နှင့် ၇.၅.၂၀၂၄ ရက်နေ့တွင်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် နယူးဇီလန်နိုင်ငံ၏ မူဝါဒ၊ လူသားချင်းစာနာထောက်ထားမှု အကူညီနှင့် နည်းပညာအကူညီများထောက်ပံ့ရေး၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် အရေးယူဆောင်ရွက်ချက်များ ပိုမိုထိရောက်အောင်မြင်မှုများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာ့အရေးဆောင်ရွက်နေသည့် တာဝန်ရှိသော အရေးကြီး ပုဂ္ဂိုလ်များနှင့်လည်းတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်သင့်သော အချက်အလက်များအား အကြံပြုဆွေးနွေးခဲ့ပါသည်။
ဆက်စပ်အကြောင်းအရာများ


