ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ Green Party ၏ လွှတ်တော် အမတ်များနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ Green Party ၏ လွှတ်တော် အမတ်များနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ (၇) ရက် နေ့တွင် နယူးဇီလန်နိုင်ငံ Green Party ၏ လွှတ်တော်အမတ်များနှင့် ၎င်း ပါတီ၏ ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ နယူးဇီလန်လွှတ်တော်အတွင်းတွင် အရေးယူဆောင်ရွက်မှု ကိစ္စရပ်များ ပိုမို တိုးမြှင့် လုပ်ဆောင်ပေးရန်၊နယူးဇီလန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်ပြီး ပိုမို ထိရောက်သည့် ကိစ္စရပ်များအား ပိုမိုတက်ကြွ ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန် တိုက်တွန်းခြင်း ကိစ္စရပ်များနှင့် သိရှိလိုသည့် မေးခွန်းများအား အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။