ပြည်ထောင်စုဝန်ကြီးနှင့် ကိုရီးယား နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် ကိုရီးယား နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ Mr. Song Doo Hwan နှင့် ၂.၂.၂၀၂၄ ရက်နေ့တွင် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် မြန်မာ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်များနှင့်ပတ်သက်၍ ကိုရီးယားအစိုးရ၏လုပ်ဆောင်သင့်သော အချက်များကို အကြံပေးတင်ပြရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး လုပ်နိုင်စွမ်းရှိသော လူ့အခွင့်ရေး ကော်မရှင် ပေါ်ပေါက်ပြီး လူ့အခွင့်ရေးဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းရပ်များကို ကူညီပေးနိုင်ရေး၊ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏လူ့အခွင့်အရေးဆိုင်ရာ ကြားနာမှုတရပ်ကို လုပ်ဆောင်ပေးရန်နှင့် အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များကို အဓိကထား၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုတွင် ကော်မရှင် အတွင်းရေးမှူး Park Jin နှင့် ညွှန်ကြားရေးမှူးချုပ် Seok Jun Ri တို့ ပါဝင်တက်ရောက်ကြပြီး၊ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ အလုပ်သမားတာဝန်ခံ ဒေါ်မေမိုးသူနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရှိရ
ဆက်စပ်အကြောင်းအရာများ


