ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့အရေး တက်ကြွစွာလုပ်ဆောင်နေသည့် ကိုးရီးယားလွှတ်တော်အမတ်များ တောင်ကိုးရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့အရေး တက်ကြွစွာလုပ်ဆောင်နေသည့် ကိုးရီးယားလွှတ်တော်အမတ်များ တောင်ကိုးရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် မြန်မာ့အရေး တက်ကြွစွာလုပ်ဆောင်နေသည့် ကိုးရီးယားလွှတ်တော်အမတ်များနှင့် တောင်ကိုးရီးယားနိုင်ငံ၊ဆိုးလ်မြို့တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များတွင် ကိုးရီးယားမြန်မာချစ်ကြည်ရေးအဖွဲ့ ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ်အပါအဝင် အခြားသော လွှတ်တော်ကိုယ်စားလှယ်များပါဝင်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ဂိုယောင်အင်၊ လွှတ်တော်အမတ် ဘတ်ဂယောင်ဆွန်းတို့နှင့်လည်း သီးခြားစီတွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများတွင် ကိုးရီးယားနိုင်ငံအနေဖြင့် မြန်မာ့အရေး အပေါ် ယခုကဲ့သို့ အားပေးကူညီမှုများအား အထူးကျေးဇူး တင်ရှိပါကြောင်း၊ဆက်လက်၍ မြန်မာ့အရေးတွင် ပါဝင်လုပ်ဆောင်ပေးပါရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်အဖွဲ့လည်း ပါဝင်ခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။