ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၅၆ကြိမ်မြောက်ညီလာခံ
စဉ်၂ – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားသောလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ အပေါ်ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှု
မြန်မာနိုင်ငံ
(၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်)
အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုအပြင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ သက်ဆိုင်ရာ အစီရင်ခံစာကို ကြိုဆိုပါသည်။
“တရားမဝင်အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှု မွန်းကျပ်နေတဲ့နိုင်ငံကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ။ စင်စစ်အားဖြင့် “လူ့အခွင့်အရေးဆိုင်ရာ အခြေအနေမှာလည်းအရှိန်အဟုန်နဲ့ ဆက်လက်ဆုတ်ယုတ်နေပါတယ်” ဟု မဟာမင်းကြီးရုံးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့အတူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာတွင် အကြမ်းဖက်စစ်အုပ်စုသည် လူနည်းစုအသိုင်းအဝိုင်းများအပါအဝင် အရပ်သားများအပေါ် လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိုးဖောက်မှုများနှင့် ချိုးဖောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများသည် “ပိုမိုဆိုးရွာစွာ ကျဆင်းနေတယ်” လို့ ဖော်ပြထားပါသည်။ ထိခိုက်ခံစားနေကြရသော အသိုက်အဝန်းများထဲတွင် ရခိုင်၊ ချင်း၊ ကရင်၊ ရိုဟင်ဂျာ နှင့် ကရင်နီမှ လူနည်းစု အသိုက်အဝန်းများ ပါဝင်ကြောင်း OHCHR အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။ ရိုဟင်ဂျာ အပါအဝင် မြန်မာလူငယ်များကို အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်းများ တရားမဝင် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ရက်စက် ကြမ်းကြုတ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော ရာဇဝတ်မှု အမျိုးစုံအပြင် စုပေါင်းပြစ်ဒဏ်မှုကို ထပ်မံကျူးလွန်လာနေကြောင်း ဖော်ပြလျက်ရှိပါသည်။
ရခိုင်ပြည်နယ်ရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာနဲ့ ရခိုင်ပြည်သူတွေဟာ ပဋိပက္ခတွေ ပြင်းထန်နေသော ရွာတွေမှအတင်းအဓမ္မ ဖိအားပေးမှု့ကြောင့် ထွက်ပြေးနေရတဲ့ အခြေအနေကို မဟာမင်းကြီးအနေဖြင့် ထည့်သွင်းတင်ပြခဲ့ပါသည်။ အရပ်သားများနှင့် ၎င်းတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေသူများထံ အမြန်ဆုံး ရောက်ရှိစေရန် ကြိုးပမ်းရာတွင် တုံ့ဆိုင်းမနေသင့်ကြောင်းလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရှက်ဖွယ်ကောင်းသော အတိတ်က လုပ်ရပ်များနှင့် ရိုဟင်ဂျာ၊ ရခိုင်နှင့် ရခိုင်ပြည်နယ်ရှိ လူနည်းစုအသိုင်းအဝိုင်းအပါအဝင် လူနည်းစုများအပေါ်ဆိုးရွားရက်စက်မှု များကို ကျူးလွန်ခဲ့ခြင်းအပေါ် ပျက်ကွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရကအကြိမ်ကြိမ် ဝန်ခံခဲ့ပြီးဖြစ်သည်။ ဤရာဇဝတ်မှုများကို ထပ်တလဲလဲမဖြစ်စေရန် ကျွန်ုပ်တို့ ကတိပြုပါသည်။
မဟာမင်းကြီး၏ အစီရင်ခံစာပါ အကြံပြုချက်များ ချမှတ်မှုကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်သည်တော်ကျင့်ဝတ်များ အပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေဆိုင်ရာ တာဝန်များကို အပြည့်အဝ ကတိပြုပါသည်။ မြန်မာနိုင်ငံရှိ အကျိုးသက်ဆိုင်သူများနှင့် အင်အားစုများ အားလုံး အနေဖြင့်လည်း အဆိုပါ စံနှုန်းများအတိုင်း ရပ်တည်ရန်လည်း မျှော်လင့်ပါသည်။
တချိန်တည်းမှာပင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့်အရပ်ဘက်အဖွဲ့အစည်းများ သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် အသက်ရှင်သန်ရေးအတွက်လိုအပ်သော မရှိမဖြစ် လိုအပ်သော ပြည်သူ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိသည်။ OHCHR ၏ အစီရင်ခံစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။-
အဆိုပါ ကြိုးပမ်းမှုများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်ရေးရာ အုပ်ချုပ်ရေးတွင် စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသည့် ဒီမိုကရေစီ နိုင်ငံတော်ဆီသို့ ဦးတည်သည့် မျှော်မှန်းချက်ကို ပေးဆောင်သည့် ခြေလှမ်းဖြစ်သည်။ စစ်တပ်ကို ဆန့်ကျင်သည်မှာ လက်နက်ကိုင်လှုပ်ရှားမှုများနှင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တွန်းလှန်မှုများ စသည်ဖြင့် ကွဲပြားပြီး မဆုတ်မနစ် ကြိုးပမ်း လျက်ရှိကြသည်။ သို့တိုင် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးလုံးဝကင်းစင်သော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံကို ရှုမြင်ရာတွင် အမျိုးမျိုးသော အင်အားစုများ အနေဖြင့် တဖြည်းဖြည်း ပိုမိုညီညွတ်လာနေကြပြီဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် လူမှုပေါင်းစည်းမှု မြှင့်တင်ရေး၊ လူမျိုးရေး အပြန်အလှန် ညှိနှိုင်း ဆွေးနွေးရေးနှင့် တိုင်းရင်းသား လူမျိုးရေး နှင့်ဘာသာရေး အသိုက်အဝန်းအားလုံး၏ အခွင့်အရေးများကို မြှင့်တင်ရန်လည်း အပြည့်အဝ ကတိပြုပါသည်။ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်မှုနဲ့ သဘောထားကြီးမှုများကို လည်း ဆက်လက် တည်ဆောက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား အသိုက်အဝန်းများအကြား သဘောထား ကွဲလွဲမှုကို ချုပ်ငြိမ်းရန် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာပြည်သူများ စည်းလုံးညီညွတ်မှုတည်မြဲရေး အတွက် စွမ်းဆောင် ပေးမှုပေါ်မဟာမင်းကြီး Turk နှင့် OHCHR ၏ မြန်မာအဖွဲ့အား ထပ်လောင်း ကျေးဇူးတင် ရှိပါသည်။
လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဆက်စပ်အကြောင်းအရာများ


