ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/

ထုတ်ပြန်ကြေငြာချက်အမှတ်(၇/၂၀၂၃)
၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပိုမိုပြင်းထန်၊ ကျယ်ပြန့်စွာ ကျူးလွန်လာမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်

၁။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အာဏာသိမ်း ရန် ကြိုးပမ်းခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန် လာခဲ့ရာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကောက်ယူ ရရှိထားသော အချက်အလက် များအရ ငါးဦးနှင့်အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၁၄၄) မှု ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ (၁၅၉၅) ဦးကို သတ်ဖြတ် ခဲ့ကြောင်း တွေ့ရှိရသည်။ ၂၀၂၁ ခုနှစ်တွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (၁၁) ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် (၈၅)ကြိမ်နှင့်၊ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ (၄၈) ကြိမ် အထိ ကျူးလွန်မှုရှိခဲ့ကြောင်း မှတ်တမ်းကောက်ယူထားနိုင်ခဲ့ပါသည်။ 

၂။ ကောက်ယူရရှိထားသော မှတ်တမ်းများအရ နောက်ဆုံးကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ စုန်းချောင်း ကျေးရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်သည်။အဆိုပါသတ်ဖြတ်မှုတွင်အသက် (၁၈)နှစ်အောက် (၄) ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၄) ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ 

၃။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ပြည်သူများက ဆက်လက် တွန်းလှန်နေကြသည့်အတွက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကို စနစ်တကျ ကျင့်သုံးနေပြီး ပိုမိုပြင်းထန်စွာနှင့် ကျယ်ပြန့်စွာ အသုံးပြုလာနေကြောင်း အချက် အလက်များက ဖော်ပြနေပါ သည်။ 

၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကောက်ယူရရှိထားသော အကြမ်းဖက် စစ်အုပ်စု၏ ချိုးဖောက်မှုများအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း သွားမည်ဖြစ်သည်။ တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန် နေမှုများကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနထံသို့ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။

၅။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက် မှုများ အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အလေ့အထများ ကိုအပြီးတိုင် ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု ကို ဖော်ဆောင်နိုင်ရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း တင်ခြင်း၊ တရားမျှတမှု ရှာဖွေ ခြင်း လုပ်ငန်းများ မှတဆင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

(ဝန်ကြီးဌာနမှပြုစုထားသော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းဆိုင်ရာ အချက် အလက်များအား ပူးတွဲထုတ်ပြန်အပ်သည်)                                       

                                                                                              လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။