အာဏာခွင့်ပြုချက်သုံး၍ ပျောက်ဆုံးသွားသောသူများအတွက် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။

၁။ သြဂုတ်လ ၃၀ ရက်နေ့သည် အာဏာခွင့်ပြုချက်သုံး၍ ပျောက်ဆုံးသွားသောသူများအတွက် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ (International Day of the Victims of Enforced Disappearances) ဖြစ်ပါသည်။ အာဏာခွင့်ပြုချက်သုံး၍ ပျောက်ဆုံးသွားခြင်းဟူသည်မှာ လူတစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ လူအများအပြားကို ဖြစ်စေ ၎င်းတို့၏ ဆန္ဒမပါဝင်ပဲ ၎င်းတို့၏ လွတ်လပ်ခွင့်များကို ငြင်းပယ်လျက် အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့ သို့မဟုတ် ၎င်းတို့ကို ကိုယ်စားပြုသောသူတစ်ဦးဦးက ဖမ်းဆီးသွားခြင်း၊ ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ သတင်းအချက်အလက် မရရှိပဲ ပျောက်ဆုံးသွားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

၂။ အာဏာခွင့်ပြုချက်သုံး၍ ပျောက်ဆုံးသွားသူများ ပါဝင်နေသည့် သမိုင်းကို နိုင်ငံအတော်များများ၏ အတိတ်တွင် တွေ့နိုင်ပါသည်။ အာဏာရှင်အစိုးရများသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် လူအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အထောက်အထားများကို ကိုင်ဆောင်ထားသူများကို ဖမ်းဆီးပျောက်ဆုံးသွားစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တတ်ကြပါသည်။

၃။ အာဏာခွင့်ပြုချက်သုံး၍ ပျောက်ဆုံးသွားခြင်းက လူတစ်ဦးချင်း၊ မိသားစုတစ်ခုချင်းကိုသာမက နိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် ထိခိုက်မှုလည်း ရှိပါသည်။ လူတစ်ဦးတစ်ယောက်ကို ၎င်း၏ ဆန္ဒမပါပဲ ပျောက်ဆုံးသွားစေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး နိုင်ငံအတွင်းရှိ ပြည်သူတိုင်း၏ အသက်ရှင်ခွင့်၊ လုံခြုံခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်များကို သက်ရောက်မှုရှိစေပါသည်။ မိသားစုတစ်ခုချင်းအဆင့်တွင်လည်း မတရား ဖမ်းဆီးဖျောက်ဖျက်ခံရခြင်းတို့ကြောင့် ပူဆွေးသောကနှင့်တကွ လူမှုရေး၊ စီးပွားရေး အကျိုးသက်ရောက်မှုများကိုလည်း ကြုံတွေ့ကြရပါသည်။ ထို့အတူ တရားဥပဒေနှင့်အညီ လိုအပ်သော တရားရေးဆိုင်ရာ အခွင့်အရေးများကို မရရှိနိုင်ခြင်း၊ ကျူးလွန်သူများကို ဥပဒေအရ အရေးမယူနိုင်ခြင်းကြောင့် အပြစ်မှ ကင်းလွတ်ခွင့်ရနေသော အလေ့အထ (Culture of Impunity) ကို ဆက်လက်ဖြစ်ပွားစေနိုင်ပါသည်။

၄။ မြန်မာ့နွေဦးတော်လှန်ရေးအတွင်းတွင်သာမက နှစ်ပေါင်းများစွာ တိုင်းရင်းသားဒေသများတွင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှု ကျူးလွန်မှုကို ခံစားရတဲ့သူများအတွက် အချက်အလက် မှတ်တမ်းကောက်ယူ ထိန်းသိမ်းမှု လုပ်ငန်းသည် အလွန်အရေးကြီးပါသည်။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ထိုမှတ်တမ်းများမှတစ်ဆင့် ကျဆုံးသွားသူ၊ ပျောက်ဆုံးသွားသူတစ်ဦးချင်းစီအတွက် အမှန်တရားဖော်ဆောင်ရေး၊ နစ်နာမှုများကုစားရေး၊ နောက်ထပ်မံ မဖြစ်ပွားစေရန် တားဆီးရေး အစရှိသည့် လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၅။ လူထု၏ အမှတ်သညာသည် အာဏာရှင်များ မနှစ်မြို့သော လူထု ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်ပါသည်။ အာဏာရှင်တို့ မေ့ပျောက်စေလိုသော အရာများဖြစ်သည့် ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိန်းသိမ်းခြင်း၊ လွှဲပြောင်းသိမ်းဆည်းခြင်းတို့သည်လည်း တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲခြင်း ဖြစ်ပါသည်။ အာဏာရှင်တို့ ဖျောက်ဖျက်ခြင်းခံရသော တော်လှန်ရေးရဲဘော်များ၏ သမိုင်း၊ အဖြစ်အပျက်၊ ဇာတ်လမ်းနှင့် အမှတ်သညာတို့အား တတ်နိုင်သမျှ သိမ်းဆည်းထိန်းသိမ်းကြခြင်း ဖြင့် တရားမျှတမှုအတွက် အင်မတန် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်းကို လှမ်းထားကြရမည်ဖြစ်ပြီး ၎င်းတို့ဦးဆောင် တိုက်ပွဲဝင်ခဲ့သော လူ့အခွင့်အရေး၊ တန်းတူညီမျှရေး အစရှိသည့် တန်ဖိုးများကို မမေ့မလျော့ ဆက်လက်သယ်ဆောင်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၄

Read More »

“အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၃

Read More »

ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၂

Read More »

အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးရမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၁

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။