အမျိုးသားညီညွတ်ရေးအစိုးရ ရက် ၁၀၀ ပြည့် ပြည်သူသို့ အစီရင်ခံစာ - လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသည် ဝန်ကြီးဌာနစတင်ဖွဲ့စည်းစဉ်ကတည်းက စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး၊ တရားမျှတမှုဖော်ဆောင်ရေးနှင့် အစိုးရတစ်ရပ်လုံး၏ လုပ်ငန်းများသည် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ကိုက်ညီစေရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ သုံးသပ်တင်ပြခြင်းတို့ကိုလည်းကောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ၏ လုပ်ငန်းများတွင် ဦးဆောင်မှုနှင့် အကြံပေးပါဝင်မှု အခန်းကဏ္ဍများမှ ပါဝင်ခြင်းတို့ကိုလည်းကောင်း လုပ်ဆောင်လျက်ရှိသည်။
ရိုဟင်ဂျာ အရေး ရပ်တည်ချက်စာတမ်း ဆွေးနွေးရေးဆွဲရာတွင် ပါဝင်ခြင်း၊ စစ်သည်များ လိုက်နာရမည့် ကျင့်ဝတ်များ ပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်မှုလုပ်ငန်းစဉ် (Universal Periodic Review – UPR) တွင် ဦးဆောင်အကောင်အထည်ဖော်ခြင်း၊ ကုလသမဂ္ဂတွင် အသိအမှတ်ပြုမှု ရရှိစေရန် ပြင်ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
စစ်အာဏာသိမ်းမှု ရက်တစ်ရာပြည့် ထုတ်ပြန်ကြေငြာချက်၊ ကမ္ဘာ့ဒုက္ခသည်များနေ့ ထုတ်ပြန်ကြေငြာချက်၊ နှိပ်စက်ညှဉ်းပန်းခံရသူများအား အကူအညီပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ကြေငြာချက်၊ Pride Month အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ထုတ်ပြန်ကြေငြာချက်၊ ကိုဗစ်တတိယလှိုင်းတုန့်ပြန်လုပ်ဆောင်နေမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေငြာချက်များကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးတွဲ၍သော်လည်းကောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ကရင်နီပြည်နယ် အခြေအနေအစီရင်ခံစာနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်တွန်းလှန်နေကြသော LGBTIQ များ၏ အခြေအနေ အစိရင်ခံစာတို့ကိုလည်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သေဒဏ်ချမှတ်ခံရသည့် ကလေးငယ်များဆိုင်ရာ အချက်အလက်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသည့် LGBTIQ များ၏ အခြေအနေအချက်အလက်များ၊ စစ်အာဏာသိမ်းကာလအတွင်း သေဒဏ်ချမှတ်မှု အချက်အလက်များ၊ မီဒီယာဖိနှိပ်မှုဆိုင်ရာ အချက်အလက်များ၊ ဒီပဲယင်းသတ်ဖြတ်မှု အချက်အလက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့် အသက်ဆုံးရှုံးစေသည်အထိ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များ စုစည်း ထုတ်ပြန်နိုင်ခဲ့သည်။
ဝန်ကြီးဌာန၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မူတစ်ရပ်အနေဖြင့် ချမှတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်းနှင့် UPR လုပ်ငန်းစဉ်များတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
နေ့စွဲ။ ၃၀ ဇူလိုင် ၂၀၂၁။
ဆက်စပ်ပိုစ့်များ

THE SYSTEMATIC ERASURE OF CIVILIAN EXISTENCE THROUGH PROPERTY DESTRUCTION IN MYANMAR (31st March, 2026)
THE SYSTEMATIC ERASURE OF CIVILIAN
Briefing:Rising Human Rights Violations Before the Sham Elections-November 2025
Briefing: Rising Human Rights Violations

Military Junta Launched An Airstrike against the Oil Lamp Strike in Bon To Village, Chaung – U Township, Sagaing Division
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက

Aerial Attack data from Jan-August 2025
တရားမဝင်အာဏာတည်မြဲရေးသက်တမ်းတိုးပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုများပိုမိုပြင်းထန်လာ စစ်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတဝန်းအကြမ်းဖက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ
