ကချင်ပြည်နယ် ၊ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နှင့်လေကြာင်းတိုက်ခိုက်မှု ဖြစ်စဥ်

ကချင်ပြည်နယ် ၊ မုန်လိုင်ခက်ကျေးရွာ စစ်ရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်မှု နှင့်လေကြာင်းတိုက်ခိုက်မှု ဖြစ်စဥ်

အောက်တိုဘာလ ၉ ရက် ၊ည (၁၁:၂၃)အချိန်တွင် မုန်လိုင်ခက်ကျေးရွာ၌ တည်ရှိသော စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 
ထိုသို့ ပစ်ခတ်သည့် အထဲတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ ၀န်းကျင်အထိ သက်ရောက်မှုရှိခဲ့ကာ ကလေးငယ်များအပါအ၀င် ဒေသခံနှင့် စစ်ရှောင်ပြည်သူများ သေဆုံး ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သေဆုံးသူများထဲတွင် လသားအရွယ် ကလေးငယ် အပါအ၀င် ကလေး ၉ ဦး နှင့် ၈၁ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါ၀င်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။