၂၃ ကြိမ်မြောက် ကယန်းအမျိုးသားနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး၀န်ကြီးဆိုင်ရာဌာန ဒုတိယပြည်ထောင်စု၀န်ကြီး ခွန်းဗဟန်းထန် ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၀) ရက်နေ့တွင်ကျရောက်သော (၂၃) ကြိမ်မြောက် ကယန်းအမျိုးသားနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး၀န်ကြီးဆိုင်ရာဌာန ဒုတိယပြည်ထောင်စု၀န်ကြီး ခွန်းဗဟန်းထန် ပြောကြားသည့် မိန့်ခွန်း

ယနေ့ကျရောက်သည့် (၂၃) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ကယန်းအမျိုးသား ပြည်သူ များအားလုံးကို ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကယန်းအမျိုးသားနေ့ကို လှိုက်လှဲစွာကြိုဆိုပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါသည်။

ကယန်းအမျိုးသားတို့သည် ကမ္ဘာ့သမိုင်းအထောက်အထားများအရ (ပျူ၊ သက်၊ ကမ်းယံ) မျိုးနွယ်စုကြီး (၃) ခုအနက် ကမ်းယံမျိုးနွယ်စုမှ ဆင်းသက်လာခဲ့ပြီး ကမ္ဘာ့သမိုင်းမှာ  ဗမာနိုင်ငံဟု မပေါ်ပေါက်ခင်ကတည်းကပင် (ယခုမြန်မာနိုင်ငံဟုခေါ်တွင်သော) ဤအရပ်သို့ဦးစွာ ရောက်ရှိခဲ့သော လူမျိုးစုထဲမှတစ်စုဖြစ်ပါသည်။ တစ်ဖန်သမိုင်းအထောက်အထားများအရ ကယန်း လူမျိုး သည် လွတ်လပ်ရေး မရခင် သီးခြားလွတ်လပ်သောကရင်နီပြည်တွေ ကရင်နီအမျိုးသားအုပ်စု တစ်ခု အဖြစ်ပါဝင်သည့် လူမျိုး တစ်မျိုးဖြစ်သည်။ ကယန်းလူမျိုးသည် ကရင်နီအမျိုးသားအုပ်စု၊ ကရင် အမျိုးသားအုပ်စု၊ ပအိုဝ်းအမျိုးသား အုပ်စုတို့နှင့်အတူ လူမျိုးတူအမျိုးသားအုပ်စုတစ်စုဖြစ်ပြီး ဘာသာစကားအရ (၇၅) ရာခိုင်နှုန်းကျော် တူညီကြောင်းတွေ့ရှိရသည်။ ထို့အတူ ကယန်း လူမျိုးများအနေဖြင့်  ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မင်းတုန်းမင်းတို့က ကရင်နီပြည်ကို သီးခြားလွတ်လပ်သော ပြည်အဖြစ် အသိအမှတ် ပြုလာခဲ့ပြီးနောက်တွင်လည်း အခြားသောကရင်နီအမျိုးသားအုပ်စုဝင်လူမျိုးများဖြစ်သော (ကယား၊ ကယော၊  မနုမနှော၊ ယင်းတလဲ၊ ပကူး၊ ဂေဘား) တို့နှင့်အတူတကွ အေးအတူပူအမျှ နေထိုင်လာခဲ့ကြသည်။

လူမျိုးတစ်မျိုး၏ အသက်သည် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု တည်တံ့ခိုင်မြဲမှုရှိရန် လိုအပ်သကဲ့သို့ တိုးတက်မြင့်တင်ပေးရန်လည်း အင်မတန်မှ ‌အရေးကြီးလှပါသည်။ သမိုင်း အထောက်အထားအရ ကယန်းလူမျိုးသည် ကနဦးတွင် ရှေးဟောင်းစာပေဖြစ်သော ကြက်ယက် စာပေကို အသုံးပြု ခဲ့သော်လည်း တတ်ကျွမ်းသူအလွန်နည်းပါးသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော်လောက်က လက်တင်အက္ခရာဖြင့် အသုံးပြုလာခဲ့သော စာပေသည်လည်း ထပ်ဆင့်မွမ်းမံရန် လိုအပ်ပေသည်။

 ထို့ကြောင့်  နယ်မြေ (၄) ခုတွင်နေထိုင်ကြသည့်  ကယန်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော ရှမ်းပြည်နယ်ရှိခေါင်းဆောင်များ၊ ကရင်နီ (ကယား)ပြည်နယ်ရှိ ခေါင်းဆောင်များ၊ ကရင်ပြည်နယ်ရှိခေါင်းဆောင်များ၊ မန္တလေးတိုင်းနေပြည်တော်ကောင်စီရှိခေါင်းဆောင်များ၊ တစ်ဖန် ကယန်းလူမျိုးနွယ်စု (၄)စုဖြစ်သော ကယန်းကငန်၊ ကယန်းကဲဒေါ့၊ ကယန်းလထာ၊ ကယန်း ကခေါင်း မှခေါင်းဆောင်များ၊ ထို့အပြင် ကယန်းလူမျိုးဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြသော ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၊ ကက်သလစ် အသင်းတော်ဆရာတော်ကြီးများ၊ နှစ်ခြင်းဆရာတော်ကြီးများ၊ တံခွန်တိုင်ခေါင်းဆောင်ကြီးများ၊ ဗြဟ္မစိုရ်ခေါင်းဆောင်ကြီးများ ပါ၀င်ကြသလို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကယန်းပြည်သစ်ပါတီ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လူ့မြောက်ရေးတပ်ဦး(ကလလတ)၊ KNG၊MTAရွှေပြည်အေးအဖွဲ့ ခေါင်းဆောင်များ တို့သည် ညီလာခံကြီးတစ်ရပ်ကို ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကြာလာကျေးရွာ၌ သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဧပြီလ (၈/ ၉/ ၁၀) ရက်နေ့တွင်  အမျှော်အမြင်ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်(၃) ရပ်ကို အတည်ပြုချမှတ်နိုင်ခဲ့သည်။


(၁)လက်တင်အက္ခရာဖြင့် အသုံးပြုလာသောစာကိုမွမ်းမံပြင်ဆင်ဖြည့်စွက်၍ ကယန်းအမျိုးသား စာပေ အဖြစ် အတည်ပြုခဲ့သည်။

(၂)ကယန်းလူမျိုးတွင် မျိုးနွယ်စု ၄ စုဖြစ်သော ကယန်းကငန်၊ ကယန်းလထာ၊ ကယန်းကဲဒေါ့၊ ကယန်းကခေါင်း၊ မျိုးနွယ်စု (၄) စုသည် တစ်ညီတစ်ညွတ်တည်း ကယန်းအမျိုးသား တစ်ခုတည်း အဖြစ် ခံယူပြီး အတည်ပြုခဲ့ကြသည်။

(၃)ကယန်းတစ်မျိုးသားလုံး၏ အမျိုးသားအလံတော်ကိုလည်း အတည်ပြုနိုင်ခဲ့ကြသည်။


ထို့ကြောင့်ကယန်းအမျိုးသားကြန်အင်လက္ခဏာအဖြစ်စာပေယဉ်ကျေးမှုအရလည်းကောင်းနိုင်ငံရေးအရလည်းကောင်းပထမအကြိမ်ကယန်းအမျိုသားညီလာခံမှ ကယန်းအမျိုးသားအားလုံး စုစည်း ပါဝင်အကောင်အထည်ဖော်ဆောင်နိုင်မှုတို့ကြောင့် ၂၀၀၀ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ကို ကယန်းအမျိုးသားနေ့ အဖြစ် တစ်ညီတညွတ်တည်း အသိအမှတ်ပြုခဲ့ကြပါသည်။  

ကယန်းအမျိုးသားနေ့အဖြစ် သဘောတူဆုံးဖြတ်ခဲ့သည့်နေ့မှစ၍ ယနေ့ချိန်အထိ ရှင်သန် ကျင်းပ ပြုလုပ်ခဲ့သော ကယန်းအမျိုးသားနေ့သည် တန်ဖိုးဖြတ်၍မရနိုင်သော ကယန်းအမျိုးသားထု တရပ်လုံး၏ တစည်းတလုံးတည်း တည်ရှိနေသည့် တိုက်ပွဲဝင် အောင်ပွဲရလဒ်ကြီး တခု ဖြစ်ကြောင်း ကို ကမ္ဘာတည်သရွေ့ ကယန်းအမျိုးသားတိုင်းက အမျိုးသားတာ၀န်တစ်ရပ်အဖြစ် သိရှိနားလည်ပြီး ဆက်ခံထိန်းသိမ်းသွားကြဖို့ တိုက်တွန်းလိုပါသည်။

လက်ရှိတွင် ကယန်းလူမျိုးတို့သည် ပထ၀ီနယ်နိမိတ်အရ ပြည်နယ် (၄)  ခုတွင် တစ်စပ်တည်း နေထိုင်ကြပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီ (ကယား)ပြည်နယ်အနောက်ပိုင်း၊ ကရင်ပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းနေပြည်တော်ကောင်စီတို့တွင် နေထိုင်ကြပါသည်။ ၂၀၂၀ ခုနှစ်နောက်ပိုင်း စစ်တမ်းများအရ ကယန်းလူမျိုးတို့သည် လူဦး‌ရေအားဖြင့် ခန့်မှန်းခြေ (၂ သိန်းခွဲမှ ၃ သိန်း) ကြား ရှိသည်ဟု ခန့်မှန်းသိရှိရပါသည်။

ကယန်းလူမျိုးတို့သည် မိမိတို့၏အမျိုးသားဝိသေသလက္ခဏာများကို အစဉ်တစိုက် ထိန်းသိမ်း မြင့်တင်လာခြင်းနှင်အတူ ယခုအခါတွင်လည်း မိမိတိို့၏ ကိုယ်ပိုင်စာပေ၊ ဓ‌လေ့ထုံးတမ်း ယဉ်ကျေးမှု၊ ဘာသာစကားတို့ဖြင့် ကမ္ဘာ့အလယ်တွင်ထည်ဝါဝင့်ကြွားစွာဖြင့် ရှင်သန်ရပ်တည် လာခဲ့ကြသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ထိုသို့ရပ်တည်နိုင်ခြင်းသည် ကယန်းအမျိုးသား အားလုံး ၏ စုစည်းနိုင်မှုနှင့်    စည်းလုံးညီညွတ်မှုကြောင့်  ဖြစ်သည်ဟု မှတ်ချက်ပြု ပြောကြား လိုပါ သည်။စာပေတိုးတက်မှုအနေဖြင့် လက်ရှိကယန်းစာပေကိုလည်း ယခင်ပြည်ထောင်စု အရပ်သား အစိုးရ က အတည်ပြုထားပြီး လက်ရှိတွင် လည်းကယန်း‌‌‌‌ဒေသရှိကိုယ်ပိုင်ကျောင်းများနှင့် ကယန်း လူမျိုးများရှိသောအချို့သောအစိုးရ စာသင်‌ကျောင်း များတွင် သင်ကြားလျက်ရှိသည်။

ယခုလိုဖြစ်လာဖို့အတွက် ကဏ္ဏပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှ ခေါင်းဆောင်များ၊ ရှေ့မီ နောက်မီပုဂ္ဂိုလ်များ ကြိုးစားဆောင်ရွက်ခဲ့သည့်အရာများ အချဥ်းနှီးမဖြစ်ရန် ကျွန်တော်တို့ မျိုးဆက် သစ်များမှ ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ရန်လိုအပ်ပါသည်။ ယခင်ခေါင်းဆောင်များမှ ကျွန်တော်တို့အတွက် အုတ်မြစ်ကောင်းများ ချမှတ်ခဲ့ပြီဖြစ်သည့်အတွက် ထိုအုတ်မြစ်ကို အခြေပြု ပြီး ကျနော်တို့အနေဖြင့် ဆက်လက်ပြီး အမိုးအကာများ၊ အသီးအပွင့်များ ထွက်ပေါ်လာသည်အထိ ဆက်လက်တိုးတက်မှုရှိအောင် လုပ်ဆောင်ဖို့အတွက်တာဝန်ရှိကြပါသည်။  ကျွန်တော်တို့ ကယန်း အမျိုးသားအရေးကို ခေါင်းဆောင်တွေ ကသာ သို့မဟုတ် တာဝန်ရှိသူတွေကသာ လုပ်ရတာမျိုး မဟုတ်ဘဲ ပြည်တွင်းပြည်ပတွင်ရှိသော ကယန်းလူမျိုးတစ်ရပ်လုံးက မိမိတတ်နိုင်သလောက် တတ်အားရှိသမျှ ကဏ္ဏအသီးသီး၊ နေရာအသီးသီးကနေ တာဝန်တသိ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံတွင် ရင်ဆိုင်တွေ့ကြုံနေရသော မတည်ငြိမ်မှုများကြောင့် မိမိတို့၏ စုစည်းမှုနှင့်  စည်းလုံးညီညွတ်မှုကို အထိခိုက်မခံကြရန် အထူးသတိပြုရန်လိုအပ်ကြောင်းကိုလည်း သတိပေးပြောကြားလိုပါသည်။တစ်ဖက်တွင်လည်း မိမိတို့ကယန်းလူမျိုးများအနေဖြင့် နိုင်ငံရေးအရ သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ပြည့်ဝသော     နိုင်ငံရေးအခွင့်အရေးနှင့်  နိုင်ငံသားအခွင့်အရေးများ ရရှိနိုင်ရေးအတွက် စုစည်းညီညာစွာဖြင့် ဆက်လက်ချီတက်သွားရန် လိုအပ်သည့်အပြင် နိုင်ငံတော်အာဏာ ကို မတရားသိမ်းပိုက်ထားသော၊ လူ့အခွင့်အရေးချိုးဖောက်မှု များစွာကို နေ့စဉ်ရက် ဆက်ကျူးလွန်နေသော စစ်အာဏာရှင်လူတစ်စုကိုလည်း အခြားသော ညီနောင်တိုင်းရင်းသားများနှင့်အတူ စုစည်းမှုအား ကောင်းစွာဖြင့်ဆက်လက်တိုက်ပွဲ ဝင်သွားကြရန် အရေးကြီးကြောင်းကိုလည်း ထပ်မံတိုက်တွန်းပြောကြား လိုပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသော လက်ရှိတော်လှန်‌ရေးကို ဆင်နွဲနေ သည့် အင်အားစုအသီးသီးတွေ ကယန်းလူမျိုးများသည်လည်း အင်တိုက်အားတိုက် အသက်၊ သွေး ၊ ချွေး၊ ဘ၀တို့ဖြင့်ပေးဆပ်ပြီး အခြားသောညီနောင် တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပါ၀င် တိုက်ပွဲ၀င်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အစဥ်အလာအရ ကယန်းအမျိုးသားများ သည် အမျိုးသားရေး အသိဖြင့်  အခြားသောညီနောင်တိုင်းရင်းသားများနှင့်အတူ ကယန်းအမျိုးသား များ အစဉ်အဆက်တိုက်ပွဲဝင်ခဲ့ကြသည်။ ကယန်းလူမျိုးတို့၏အန္တိမရည်မှန်းချက်မှာ  စစ်အာဏာရှင် စနစ်အပါအ၀င် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်‌ထောင်စုတည်ဆောက်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြရင်း (၂၃) ကြိမ်မြောက် တွင် ကျရောက် သော ကယန်းအမျိုးသားနေ့ကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်၊၊

ခွန်းဗဟန်းထန်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး

Nein 2013, April lǎ (10) daò̌ taû̌lai Kayǎnphao maô̌nnû (23)blan akaǔ, Sû̌kǎnphao tadwǎn tapeǐn acǒya, bakyǎ pralau tabanaû̌ pán wundau nû̌ , Khaǔ Bahanhtan tatailan tamangaò̌ .

Kanaǐ daò̌ taû̌lai Kayǎnphao mô̌nnû (23)blan akaǔ, Kayǎnphao mwaǐ a aò dô̌ Katan sû̌kǎnkaǔ dò taû̌lai dô̌ ngòn sû̌kǎnkaǔ pǔpra, aòsaò aòma, aòhai aòbaǔ ba thayǎn saô dô̌ tacaû̌ta-ǒn akaǔ pǔpra saôka, thayû̌ kwî̌htan ba dò, aòpaô̌syûn Kayǎnphao mô̌nnû dô̌ tathanaò akaǔ nè.

Kayǎn swî̌lǎn khû̌cû̌ lahan nu, cwaǐdò dô̌ ngaò̌hti ngaò̌rwî̌kaǔ aò (Pyu, Thè̄ , Kǎnyan) swî̌landau (3) raû̌ akaǔ, aò dô̌ Kǎnyan swî̌lǎnkaǔ lan dò, lǎ aî̌ rî̌dò Katan sû̌kǎn cô̌ aòhtan mò̌ hǎ (Kanaǐ pa ká dó Katan sû̌kǎn) taû̌lai rî̌kaò̌ dô̌ pa kalǎn aò kanaǐ ǔ swî̌lǎn laraû̌ preǐ. Dòthǎ cwaǐdò ngaò̌hti ngaò̌rwî̌kaǔ aònu, Kayǎn swî̌lǎn lahan mè, rî̌dò Katan sû̌kǎn naû̌ talǔtalwa khein, pabloncǔ dô̌ aòlǔ aòlwa taò̌ Karenni kǎnkaǔ aò Karenni swî̌lǎn kaǔ laraû̌. Kayǎnphao lahan tahǔ tangaò̌ nu mè, dô̌ Karenni aphonkaǔ, Pakaû̌ swî̌lǎn aphon, Pa-au swî̌lǎn aphon lahan tamangaò̌ nu, thalyû̌ncǔ aò (75) yakhau nu usû ba tha-ǔ. Cwaǐdò-ǔ Kayǎnphao lahan mè, lǎ nein 1875, june lǎ (21) daò̌ , Engle acǒya dò Cahwǎ Mǐntǒnmǐn rǎ, phîlan tamanǎn Karenni kǎn dò  talǔtalwa aòtaò̌ kǎn lakǎn khein nulè̌, aòbloncǔ nirǔ narǎ dò kǎru Karenni swî̌lǎn lahan mwaǐ ( Laò̌kǎn, Kayò̌, Manumanaw , Yǐntalè̌ , Pakǔ, Gebar ) lahan dô̌ tanirǔ nirǎ kaǔ.

Pralau swî̌lǎn laraû̌ tathamyû̌n mè mwaǐ tamangaò̌, lilaǐ, tahtǒn ta-aòcein aòklôn daleǐn dò, ka madauhtan hǒnhtan nu, ayè̌dau nè. Dô̌ ngaò̌hti ngaò̌rwî̌kaǔ nu, Kayǎnphao lahan lilaǐ arîkaò̌ mè, mwaǐ Kyè̄yè̄ li , blǎnmè pra acǎn cô̌ aò . Lǎ nein (100) san akaǔ, mahtanyaò̌ dò sò̌n-i aò Latin li numè, ba maprî̌pran mahtan badau mò̌.

 

Makanu, aò dô̌ kǎn (4) kǎn akaǔ Kayǎnphao khaunǎ lahan mwaǐ, Thaplaò kǎn khaunǎ lahan, Karenni (laò̌kǎn) kǎn khaunǎ lahan, Pakaû̌ kǎn khaunǎ lahan, Mandalay kǎn khaunǎn lahan, dòthǎ Kayǎn swî̌lǎn (4)raû̌ mwaǐ Kayǎn kangan, Kayǎn kadao, Kayǎn lahtan, Kayǎn kakhò̌n khaunǎn lahan, cô̌kamò̌ Kayǎn swî̌lǎn tayû̌talan bathá khaunǎ lahan mwaǐ Budda cabwôndau lahan, Catholist Bǐsudau lahan, Bǎnkhan Bǐsudau lahan, Kǎnkhwan khaunǎ lahan, phǔ bweca khaunǎ lahan pablon dò pracyan tarai tacǔ tasaikwan aphon lahan mwaǐ, Kayǎn mônthǎ pati, Karenni swî̌lǎn pǔraû̌ ka lǔlwa da yǐ phonrî̌kaò̌  (ကလလတ), KNG, MTA shwe pyi ě aphon khaunǎn lahan nu, mahtan talantaǐblondau dô̌ Karenni (laò̌kǎn) kǎn, Dimawso weinmôn, Kyālǎ dǒn beǐ, nein 2000 , April lǎn (8/9/10) daò̌ khein, nithû nirwaǐ dô̌ kangǎ nǎnkhû̌ dò malanklan da talanklan (3) klan.

(1) Prî̌pran raò́htan sò̌n-iyaò̌ Latin Engle liphlon dò ka sò̌n-i dò dô̌ Kayǎnphao lilai.

(2) Kayǎn khû̌cû̌kaǔ aò, swî̌lǎn (4)raû̌ mwaǐ, Kayǎn kangan, Kayǎn lahtan, Kayǎn Kadao , Kayǎn kakhò̌n, swî̌lǎn (4) raû̌ nu, kakranblon nǎnmyan dô̌ Kayǎn laraû̌ hò .

(3) Malanklan thǎ Kayǎnphao pǔpra nǎnkhû̌ Kayǎn kǎnkhwan.

Ǔkhaucǎ, Kayǎnphao acǔ akhan mwaǐ lilaǐ tahtǒn mèrî, sû̌kǎn nǎnkhû̌ mèrî, Kayǎnphao talataǐblondau arî̌kaò̌ lablan akaǔ, Kayǎnphao pǔpra mahtan bloncǔ taphei tama ǔkaǔ khaucǎ, nein 2000 , April lǎ (10) daò̌ mè, malanklan lablanhtai dò Kayǎnphao mô̌nnû preǐ

Cwaǐdò malanklan htan Kayǎnphao mô̌nnû udaò̌ taû̌ kanaǐ mwaǐ Kayǎnphao mô̌nnû nu, htǔ Kayǎnphao nǎnkhû̌ ngaudau prîdau mô̌nnû arî , Kayǎnphao pǔpra ta-aòblon aòdwǎn da , tatò̌nkhau tò̌nbá mô̌nnû lanû nu, taû̌dô̌ hankhau aòleǐn , Kayǎnphao pǔpra ba theingǎ dò ba kranklôn rahǎnyû̌ thayǎn nu, thayû̌ taihyû̌n ba ka ǔ

Kanaǐkhein nu, Kayǎnphao lahan mè, cwaǐdò hankhau kaphrî̌ kacòn akaǔ, aò ba dô̌ kǎn (4) kǎn ta-u tapaô̌khau kalǎ mwaǐ Thaplaò kǎn balan, Karenni  (laò̌kǎn) kǎn kakhyû̌, Pakaû̌ kǎn bahtaò̌, Mandalay kǎn Naypyidaw kaǔ. Dô̌ nein 2020 kakhyû̌ cwaǐdò ciròn akaǔ aò nu, Kayǎnphao mè, laǒlaǒ aò da pra ( 2 theǐn dò 3 theǐn) kacôn nu, theiba tha-ǔ.

Kayǎnphao lahan nu, madau malû̌ dò rahǎnyû̌ thayǎn nǎn swî̌lǎn khû̌cû̌ taphei tama dò kanaǐ nulè̌, nǎn lilaǐ, tahtǒn tanwî , tahǔ tangaò̌ lahan nu, aò cein aòklôn dô̌ hankhau lǎkhau da taû̌ kanaǐ nu, theiba pǔpra hô̌. Marǎ dô̌ pa aòcein aòklôn da tha-ǔ nu, mwaǐ preǐ Kayǎnphao pǔpra aòbloncǔ dò aò dwǎn aòpeǐn khaucǎ mè, thayû̌ tai ka ǔ. Dô̌ lilaǐ tadauhtan hǒnhtan numè, kanaǐ Kayǎn lilaǐ nulè̌ arî̌ sû̌kǎnblon sû̌kǎnphao acǒya nu, malanklan yaò̌ htaû̌, kanaǐ mè, dô̌ Kayǎn kǎnkaǔ aò thǎnǎntaò̌ kyòn lahan dò Kayǎnphao aò dô̌ kǎru acǒya kyòn lahan nu, malǔ ba thayǎn.

Makaǐdò naû̌ ba da tha-ǔ nu, mahta dô̌ tama pǔklan, aphon pǔphonkaǔ khaunǎ lahan, pa maô̌phǎ nǎndau ciprǎ lahan htoūkhòn htoū-ǎ , mahtan ba khaucǎ, makaǐ aka cô̌ htǔ ninwǎ mè, pa swî̌lǎn phaoyû lahan, ba kranklôn mahtan leǐ mò̌.  Pa akhaunǎ lahan mahtan ba hô̌ pa hyûn ǔmǎ karwî̌ hô̌ khaucǎ, pa ba laicǔ dò mahtan lailaǐ hyûn ǔmǎ dao khaucò̌n dò, taû̌ pa ka-usû ba aphaò̌ athā kada nu, pa nita aò pǔpra. Pa Kayǎnphao nǎnkhû̌ tama nu, cô̌ mwaǐtaò̌ bǎ khaunǎ lahan dò pra nita aò lahan tama hò, ǔ mè, pa Kayǎnphao laǒ aò dô̌ sû̌kǎnkaǔ sû̌kǎnkwan pǔpra cwaǐdò mada, tama pǔraû̌, kalǎn pǔkaǔ nu, ba theingǎ malai ba mò̌ nè. 

 

Kanaǐ dô̌ pa Katan kǎnkaǔ nikǎ khanba takaraǐ lahan khaucǎ, pa ta-aòbloncǔ dò tadwǎn tapeǐn nu, makaǐ cô̌ kaǐ cô̌ pyǎ mè, ba theinǎn rwaǐbyan nu, thayû̌ taihtan ka ǔ. Lapá numè, pa Kayǎnphao lahan nu, dô̌ sû̌kǎn nǎnkhû̌ tama mèrî, swî̌lǎn khû̌cû̌ tama mèrî, makaǐ kanaû̌ bábwaǐ sû̌kǎn tabanaû̌ dò sû̌kǎnphao tabanaû̌ lahan mè, ba mablon nirǎ , khǎlai kangǎ cô̌kǎmò̌, ba saipaǐ htan leǐn bloncǔ pǔwaǐ swî̌lǎn khû̌cû̌ lahan , mwaǐ pra phānphi sû̌kǎn takrau tayaò̌, ba deinbá yákaǐ pralau tabanaû̌ aò-á pǔdaò̌ pǔha mwaǐ cīánáshyin pra lacòn mè, ta ayè̌ba dau tama laû̌ nu, thayû̌ taihtan ba thǎ nè.


Beǐ cī phānphi takrau tayaò̌ htaû̌, alaô̌htan mwaǐ tasaikwan aphon pǔphon mwaǐ pa Kayǎnphao lahan nulè̌, pǔpra khan thwî, khan sû̌, khan thû̌ khan myû̌n dò saipaǐhtan bloncǔ kǎru swî̌lǎn khû̌cû̌ lahan nu, pa thei ba hô̌. Cwaǐdò pǔru pǔkhan aò , pa Kayǎnphao lahan, dô̌ tatheingǎ aò taò̌ akaǔ pa saipaǐ bloncǔ kǎrǔ swî̌lǎn lahan dò cīánáshyin hô̌. Pa Kayǎnphao lahan tarwaǐlaikhlai adaukhlô̌n mè, cīánáshyin tama dò ánáshyin pǔraû̌ ka htǔmǎ, swî̌lǎn khû̌cû̌ tanaû̌ ba cwaǐcǔ dò thanǎn ta-u tapaô̌taò̌ khau  kanaû̌ ba, tamahtan federal Democreci sû̌kǎnblon nǎnkhû̌, pa ka malaileǐn taû̌ dô̌ htaû̌ mò̌ nu, taihtan ba dò paô̌syûn dahtòn thanaò bloncǔ Kayǎnphao mô̌nnû (23) blan ka ǔ.

Khaǔ Bahanhtan
Sû̌kǎnphao tadwǎn tapeǐn acǒya
Bakyǎ pralau tabanaû̌ Wundau pán, sû̌kǎnblon wundau nû̌

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။