အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဒုတိယပြည်ထောင်စုဝန်ကြီး ၂၃ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနား သို့ တက်ရောက်
၂၃ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဒုတိယပြည်ထောင်စုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက် အားပေးခဲ့ပါသည်။
အခမ်းအနားတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ဒုတိယပြည်ထောင်စုဝန်ကြီး၊ခွန်းဗဟန်းထန်က အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် “စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်ပေါ်ပေါက်လာသော လက်ရှိတော်လှန်ရေးကိုဆင်နွဲနေသည့် အင်အားစုအသီးသီးတွေ ကယန်းလူမျိုးများသည်လည်း အင်တိုက်အားတိုက် အသက်၊ သွေး ၊ချွေး၊ ဘ၀တို့ဖြင့်ပေးဆပ်ပြီး အခြားသောညီနောင် တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပါ၀င် တိုက်ပွဲ၀င်လျက်ရှိပါကြောင်း၊ အစဥ်အလာအရ ကယန်းအမျိုးသားများသည် အမျိုးသာရေးအသိဖြင့် အခြားသောညီနောင် တိုင်းရင်းသားများနှင့်အတူ ကယန်းအမျိုးသားများ အစဉ်အဆက်တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းအသိပင်ဖြစ်ပါကြောင်း၊ ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်တခုဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊၂၃ ကြိမ်မြောက်တွင်ကျရောက်သော ကယန်းအမျိုးသားနေ့ကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါကြောင်း”
စသည့် အချက်အလက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။



ဆက်စပ်အကြောင်းအရာများ


