တကျော့ပြန် ၁၀၂၇ နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ
၂၀၂၄ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲများ တကျော့ပြန် စတင်ခဲ့ပါသည်။ ကျောက်မဲမြို့အပြင် နောင်ချို၊ မိုးမိတ်၊ သီပေါနှင့် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့များတွင်ပါ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့သည်။ ဇွန်လ (၂၅)ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကျောက်မဲမြို့နေရာအနှံ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် နေ့စဉ်နီးပါး သေဆုံးမှုများ ရှိနေခဲ့သည်။
အဆိုပါ ဖြစ်စဉ်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှန်ကန်တိကျသော သတင်းရင်းမြစ်များ မှတဆင့် မှတ်တမ်း ကောက်ယူထားမှု အခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



