မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၀ နာရီမှ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လယ်ဦးရပ်ကွက်နှင့် လူးထရပ်ကွက်တို့အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု(၃) ကြိမ်ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူ (၆) ဦးသေဆုံးကာ ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ‌နေအိမ်နှင့် ဘုရားရှိခိုးကျောင်းများ ပျက်စီးခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။