ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုရှိ ကျောက်တန်းကလေးရွာအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့သည့် ဖြစ်စဉ်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နှင့် ကျိုက်ထိုမြို့နယ်တို့၌ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ထို့သို့ ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့အရှေ့တောင်ဘက် ရွာ(၄) ရပ်ကွက်၊ ၇ လမ်း၊ လူနေရပ်ကွက် မှအရပ်သား (၁)ဦးနှင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ကျောက်တန်းကလေးရွာမှ အရပ်သား(၇)ဦး စုစုပေါင်းပြည်သူ(၈)ဦးတို့ လက်နက်ကြီး အစအနများ ထိမှန် သေဆုံးခဲ့ရသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



