စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာရှိ အရပ်သားပြည်သူများ အား အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး၍ ပြည်သူ(၅၁) ဦးအား သတ်ဖြတ်ခဲ့ပြီး ကျေးရွာ(၃)ရွာအား မီးရှို့ခဲ့သည့်ဖြစ်စဉ်

စစ်တွေမြို့နယ်၊ဗျိုင်းဖြူရွာရှိ အရပ်သားပြည်သူများ အား အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီး၍ ပြည်သူ(၅၁) ဦးအား သတ်ဖြတ်ခဲ့ပြီး ကျေးရွာ(၃)ရွာအား မီးရှို့ခဲ့သည့်ဖြစ်စဉ်

၂၀၂၄ခုနှစ်၊ မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဘေးရှိ ဗျိုင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုမှ အလုံးအရင်းဖြင့် ဝင်ရောက်ကာ တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ ဖမ်းဆီ:သတ်ဖြတ်မှုကြောင့် အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး သေဆုံးခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။