မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာရှိ ပြည်သူ (၃၂) ဦးအား အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတပ်များကအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်
၂၀၂၄ခုနှစ်၊ မေလ ၁၁ ရက်နေ့ မနက်(၅)နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာအုပ်စု၊ လက်ထုတ္တောရွာသို့ အကြမ်းဖက်စစ်အုပ်စု အင်အား(၇၀)ခန့်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသား (၂၄)ဦး၊ အမျိုးသမီး (၁)ဦးနှင့် ရွာထဲရှိ အမျိုးသား (၆)ဦး စုစုပေါင်း ပြည်သူ (၃၁) ဦးတို့အား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ပြည်သူ (၁၇)ဦးခန့်ဒဏ်ရာရသည့်အပြင် အဆိုပါဒဏ်ရာရပြည်သူများထဲမှ (၁)ဦးမှာ ဆေးရုံသို့ပို့ဆောင်သည့်လမ်းတွင်သေဆုံးခဲ့ပြီး ပြည်သူ (၂၀)ဦးကျော်ခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းခံခဲ့ရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



