ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊ကုန်းသာကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်၊ကုန်းသာကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်

၂၀၂၄ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်၌ အကြမ်းဖက်စစ်အုပ်စုမှ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အနောက်ဘက် ရှိကုန်းသာရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Su-30(ပြာစိမ်း)လေယာဉ်တစ်စီးဖြင့် ပေါင်(၃၀၀)ဗုံး ၂လုံးကြဲချတိုက်ခိုက်ခဲ့သည်။
 
ထိုသို့အကြမ်းဖက်စစ်အုပ်စုမှ ဗုံးကြဲချမှုကြောင့် ကုန်းသာရွာ၏မြောက်ဘက်ရှိ ရပ်ကွက် အတွင်း နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးဆံကျရောက်သည့်နေအိမ် မှာ ကြေမွပျက်စီးကာ ကလေးငယ် (၂) ဦးအပါအဝင်မိသားစု (၆) ဦးသေဆုံးခဲ့ရသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။