‌ဒေါဆီအီရွာ နှင့် လွိုင်နန်းဖရွာရှိ စာသင်ကျောင်းများအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

‌ဒေါဆီအီရွာ နှင့် လွိုင်နန်းဖရွာရှိ စာသင်ကျောင်းများအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ မနက် (၁၀) (၁၅) မိနစ်ခန့်တွင် ကရင်နီ ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ အနောက်ဘက်အခြမ်းတွင်ရှိသည့် ဒေါဆီအီရွာနှင့် လွိုင်နန်းဖရွာအား အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် လွိုင်ကော်ဘက်တွင်အခြေချသည့် အကြမ်းဖက်စစ်အုပ်စုများကလည်း စာသင်ကျောင်းများရှိသည့်ဘက်သို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် အနည်းဆုံး (၆) ကြိမ်ပစ်ခတ်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။